IMDB rating - 8.5/10
Episodes-47
Resolution:1080p
Nana ဆိုတာ ဂျပန်လို ၇ လိုအဓိပ္ပါယ်ရပါတယ်။ ဒီ Nana ဆိုတဲ့နာမည်နဲ့ မိန်းကလေးနှစ်ယောက် တိုကျိုအသွားရထားပေါ်မှာ အမှတ်တမဲ့ဆုံမိကြတာပေါ့။ နာမည်တူပေမယ့် ပုံစံနဲ့စိတ်ထားဆန့်ကျင့်ဘက် Nana ၂ ယောက်ရဲ့ဇာတ်ကြောင်းတွေကဘာတွေဖြစ်မလဲ။ သူတို့ရဲ့အတိတ်တွေကရောဘယ်လိုရှိခဲ့လဲ။ သူတို့ဆုံပြီးရင်ရောဘာတွေဆက်ဖြစ်ကြမှာလဲ....
ဒီ anime series ကပေါ့ပေါ့ပါးပါးလေးနဲ့ နက်နဲတာတွေကို အချိူးကျကျရောစပ်ထားသလိုပါပဲ။ ကော်ဖီကောင်းလေးတခွက်ပေါ့။ ဆယ်ကျော်သက်အရွယ်တွေဆိုတာ လောကကြီးရဲ့ အတက်အကျခပ်ကြမ်းကြမ်းတွေစကြုံရတဲ့အချိန်။ ဇာတ်ကောင်တွေရဲ့ ခံစားချက်ရိုလာကိုစတာ စီးနေရသလို တခါခါမငိုရတောင် ရင်ထဲနင့်သွားနိုင်တယ်။ အရမ်းကြီးဇာတ်နာပြတာမဟုတ်ပဲ လက်တွေ့ဘဝနီးပါးထပ်တူကျတဲ့ အဖြစ်ပျက်တွေက မသိမသာလေးဆွဲခေါ်သွားတယ်။ အဆုံးသတ်ကျ ပြုတ်ကျမလား ထိပ်ဆုံးထိရောက်မလား....
Opening Ending တွေကလည်း Rock/Punk ဆန်ဆန်နဲ့အတော်လေးနားထောင်ကောင်းပြီး ဇာတ်လမ်းနဲ့အတော်လေးလိုက်ဖက်ပါတယ်။ အပေါ်ကပြောခဲ့သလိုပဲ အတော်ကောင်းတဲ့ကော်ဖီတခွက်ပေါ့ဗျာ။
Link Collection
Episode:5 / Episode:6 / Episode:7 / Episode:8
Episode:9 / Episode:10 / Episode:11 /
Episode:12