ယောရှိကီနဲ့ ဟီကာရုတို့ဟာ ကလေးဘဝကတည်းက အတူကြီးပြင်းခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ သူတို့နှစ်ဦးဟာ နာမည်မရှိတဲ့ ကျေးလက်ဒေသလေးက တောအုပ်ကြီးထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲလိုလို အတူတူ ဆော့ကစားခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ဟီကာရုဟာ တောထဲကို ထွက်သွားပြီး အချိန်အတော်ကြာတဲ့အထိ ပြန်မလာခဲ့ပါဘူး။ နောက်ဆုံးတော့ သူပြန်ရောက်လာပေမဲ့ ဟီကာရုဟာ အရင်က သူငယ်ချင်းဟောင်းမဟုတ်တော့ဘူးဆိုတာကို ယောရှိကီ ချက်ချင်းရိပ်မိလိုက်ပါတယ်။ သူ့သူငယ်ချင်းနေရာမှာ တခြားတစ်စုံတစ်ရာက နေရာယူထားမှန်း ယောရှိကီ သဘောပေါက်သွားခဲ့ပါတယ်။
ဒီလိုနဲ့ ယောရှိကီဟာ သူ့မျက်စိရှေ့တင် ဟီကာရုပုံစံဆောင်ထားတဲ့ အရာတစ်ခုက သူ့သူငယ်ချင်းနေရာမှာ နေထိုင်နေတာကို လက်ခံဖို့ ကြိုးစားရပါတော့တယ်။
သူတို့ရွာမှာထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ပေါ်ပေါက်လာပြီး ကျေးရွာသူကျေးရွာသားတွေကြားမှာလည်း မီဒီယာတွေနဲ့ ပိုမိုဆိုးရွားတဲ့ အဖြစ်အပျက်တွေက နေရာယူလာပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ယောရှိကီဟာ ဟီကာရုရဲ့ အတုအယောင်ဖြစ်တည်မှုကို ဆက်ပြီး လက်ခံပေးမလား၊ ဒါမှမဟုတ် တခြားလမ်းကြောင်းတစ်ခုကို ရွေးမလားဆိုတာကို ဆုံးဖြတ်ရပါတော့မယ်။ သူ့ရဲ့ချစ်ခင်ရတဲ့ သူငယ်ချင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ အမှောင်နက်နဲတဲ့ အရာဝတ္ထုနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲဆိုတာကို ကြည့်ရမယ့်ကားကောင်းလေးတကားဖြစ်ပါတယ်။
ဤနေရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများသာ ကြည့်ရှုသင့်သော အကြောင်းအရာများ ပါဝင်ပါသည်။ သင် အသက် ၁၈ နှစ်ပြည့်ပြီးပြီလား?