အတိတ်က မှတ်ဉာဏ်တွေကို အိပ်မက် မက်ရင်း နိုးလာတဲ့ Yonomori Kobeni ဟာ သူရဲ့ ၁၆ နှစ်ပြည့်မွေးနေ့မှာ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကို ကြုံလိုက်ရပါတော့တယ်။ အဲဒါကတော့ သူနဲ့လက်ထပ်ဖို့အတွက် သူ့အဘိုးကိုယ်တိုင် စီစဉ်ထားတဲ့ Mitsumine Hakuya ဆိုတဲ့ ကောင်လေးက သူ့အိမ်ကို ရောက်ချလာတာပဲဖြစ်ပါတယ်။
Hakuya ကတော့ Kobeni ကို ငယ်ငယ်ကတူတူဆော့ဖူးတာကို မှတ်မိပေမယ့် Kobeni ကတော့ Hakuya ကို မမှတ်မိပါဘူး။ အဲတော့ Hakuya တစ်ယောက် Kobeni လေးမှတ်မိအောင် ဘယ်လိုလုပ်မလဲ... Kobeni ကကော သူ့အဘိုးစေ့စပ်ထားတဲ့သူနဲ့ အဆင်ပြေပါ့မလား...
Hakuya နဲ့တူတူပါလာတဲ့ မရီးအငယ်လေးနဲ့ကော ဘယ်လိုဖြစ်ကြမလဲဆိုတာကို Comedy Romance ကားလေးမလို့ စော်မရှိ၊ ဘဲမရှိတွေ ကြည့်ကြစေလိုတဲ့ဆန္ဒနဲ့ AMAPG-M Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
ဤနေရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများသာ ကြည့်ရှုသင့်သော အကြောင်းအရာများ ပါဝင်ပါသည်။ သင် အသက် ၁၈ နှစ်ပြည့်ပြီးပြီလား?