Murai no Koi / Murai in Love
(MMsub)
Genres: Comedy, Romance, School
Chisato Murai လို့ခေါ်တဲ့ ဆံပင်အနက်ရောင်ရှည်ရှည်နဲ့ အထက်တန်း ဒုတိယနှစ်ကျောင်းသား Mc ကတော့ Ayano Tanaka လို့ ခေါ်တဲ့ သူ့ဆရာမလေးကို ချစ်မိနေပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ Murai က ဆရာမလေး Tanaka ကို လက်ထပ်ခွင့်တောင်းလိုက်တဲ့အခါမှာတော့...
ဆရာမလေးကလည်း "မင်းလို ဆံပင်အနက်ရောင်အရှည်ကြီးနဲ့ ကလေးတွေကို စိတ်မဝင်စားဘူး" ဆိုပြီး ငြင်းလိုက်ပါလေရဲ့။
ဘာလို့လဲဆို ဆရာမလေး Tanaka ဆီမှာ ချစ်ရတဲ့သူရှိပါတယ်။
ဟုတ်ပါတယ်၊ တိတ်တခိုး Otaku လေးဖြစ်နေတဲ့ ဆရာမလေးရဲ့ ချစ်သူကတော့ otome game တစ်ခုတည်းက Character တစ်ယောက်ပါ။
မမငြင်းတာလေးကိုမှ ပိုချစ်နေရတဲ့ Murai ကတော့ နောက်တစ်နေ့မှာပဲ ဆရာမလေးကြိုက်နေတဲ့ Game ထဲက Character နဲ့ တစ်ပုံစံတည်း၊ ဆံပင်ညှပ်ပြီး ရွှေရောင်ဆေးဆိုးပြီး ကျောင်းကိုရောက်ချလာတဲ့အခါမှာတော့... ဆရာမလေးလည်း ရင်တွေခုန်ပြီး Murai နဲ့ ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်ပေမဲ့ Murai ရဲ့ အတင်းပိုးပန်းမူတွေကြောင့် ဆရာမလေး Tanaka ကြွေဆင်းသွားမှာလား? Murai ပဲ လက်လျှော့လိုက်ရမှာလား? ဆိုတာကို အူတစ်ယားယားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။