[ဂြိုဟ်သားတွေနဲ့ စွမ်းအားရှင်တွေ ကြီးစိုးတဲ့ ကမ္ဘာကြီးမှာ တောရိုင်းတိရစ္ဆာန်လေးတစ်ကောင်လို ကြီးပြင်းလာရတဲ့ လူသားကလေးငယ် မိုရီဟာ ဂေဟာတစ်ခုကို ရောက်ရှိသွားချိန်မှာ သူ့ဘဝ အလှည့်အပြောင်း ဖြစ်လာပါတယ်။ ဂေဟာက သူငယ်ချင်းဖြစ်သူကို မိခင်အရင်းက လာခေါ်သွားတာကို မြင်လိုက်ရတဲ့အခါ မိုရီလေးဟာ "အမေ" ဆိုတဲ့ နွေးထွေးမှုကို ပထမဆုံးအကြိမ် စတင်နားလည်သွားခဲ့ပါတယ်။ ဒါနဲ့ သူ့ဆီကို အမြဲတမ်း လက်ဆောင်တွေ ပို့ပေးနေတဲ့ လျှို့ဝှက်အလှူရှင်ကို သူ့အမေလို့ ယုံကြည်ပြီး အမေ့ကိုရှာဖို့ ဂေဟာကနေ ထွက်ပြေးပါတော့တယ်။ အန္တရာယ်များတဲ့ အပြင်လောကကြီးထဲက ခရီးစဉ်မှာ ရုပ်ထွက်ကြမ်းတမ်းပေမယ့် စိတ်ထားနူးညံ့တဲ့ ရိုက်ဒါဆိုတဲ့ ခရီးသွားတစ်ယောက်နဲ့ အမှတ်မထင် ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက် အတူတူ ခရီးဆက်ကြပါတော့တယ်။ တကယ်တော့ ဒီဇာတ်လမ်းလေးဟာ အက်ရှင်တွေထက် သွေးသားမတော်စပ်ဘဲ မေတ္တာတရားသက်သက်နဲ့ ပေါင်းစပ်သွားတဲ့ မိသားစုတစ်ခုရဲ့ အကြောင်းကို နွေးနွေးထွေးထွေးနဲ့ ကြည်နူးစရာကောင်းအောင် ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။]
ဤနေရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများသာ ကြည့်ရှုသင့်သော အကြောင်းအရာများ ပါဝင်ပါသည်။ သင် အသက် ၁၈ နှစ်ပြည့်ပြီးပြီလား?