မတူညီကွဲပြားတဲ့ မျိုးနွယ်စုတွေ အတူယှဉ်တွဲနေထိုင်ကြတဲ့ ကမ္ဘာကြီးမှာ Satoru Takahashi ဟာ ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် ဖခင်ထားရစ်ခဲ့တဲ့ Youkai သီးသန့်နေထိုင်ရာ တိုက်ခန်းတွဲကြီးကို အမွေဆက်ခံရရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ Takahashi ဟာ Yukino လိုခေါ်တဲ့ Yuki-onna (နှင်းမိန်းမပျို) လေးတစ်ဦးနဲ့ ဆုံတွေ့ခဲ့ပြီး မြင်မြင်ချင်းပဲ စွဲလမ်းသဘောကျသွားခဲ့ပါတယ်။ အစပိုင်းမှာ သူတိုနှစ်ဦး အဆင်ပြေပြေ ရင်းနှီးခဲ့ကြပေမဲ့ အငြင်းပွားမှုတစ်ခုကြောင့် နှစ်ယောက်သား စိမ်းကားဝေးကွာသွားခဲ့ရပါတယ်။
သူတိုကြားက အခြေအနေကို ဘယ်လိုပြန်ပြင်ဆင်ရမလဲလို အကြံအိုက်နေစဉ်မှာပဲ Takahashi ဟာ ဆန်းကြယ်တဲ့ သေတ္တာတစ်လုံးထဲကနေ ထူးဆန်းတဲ့ လက်စွပ်တစ်ကွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သေတ္တာထဲပါလာတဲ့ အညွှန်းစာထဲမှာတော့ ဒီလက်စွပ်ရဲ့ မြင်ကွင်းအတွင်းမှာရှိနေတဲ့ Youkai တစ်ကောင်ဆီ ကိုယ့်ရဲ့လိုအင်ဆန္ဒတွေကို အာရုံစိုက်စေလွှတ်လိုက်မယ်ဆိုရင် အဲဒီ Youkai ရဲ့ စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လို ရေးသားထားပါတယ်။ Takahashi ကတော့ ဒါကို မယုံတဝက် ယုံတဝက် ဖြစ်နေခဲ့ပေမဲ့ Yukino နဲ့ စကားပြောခွင့်ရဖို နောက်ထပ်တစ်ကြိမ် အသည်းအသန် ကြိုးစားရင်း အဲဒီလက်စွပ်ကို သူမရှေ့ ထုတ်ပြမိလိုက်ချိန်မှာတော့ လက်စွပ်ရဲ့ တကယ့်အစွမ်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပါတော့တယ်။
အခုလို ကြီးမားတဲ့ အစွမ်းတစ်ခု လက်တစ်ကမ်းအကွာကို ရောက်ရှိလာချိန်မှာတော့ Takahashi တစ်ယောက် ဒီလက်စွပ်ကို အသုံးချပြီး Yukino နဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်မလား၊ ဒါမှမဟုတ် သူ့ရဲ့ စိတ်ဆန္ဒရိုင်းတွေကိုပဲ ဖြည့်ဆည်းမလားဆိုတာ ရွေးချယ်ဆုံးဖြတ်ရပါတော့မယ်။
ဤနေရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများသာ ကြည့်ရှုသင့်သော အကြောင်းအရာများ ပါဝင်ပါသည်။ သင် အသက် ၁၈ နှစ်ပြည့်ပြီးပြီလား?