Old but gold လို့ပြောရတဲ့အထိကောင်းတဲ့ Anime လေးကို 1080p နဲ့ တင်ဆက်ပေးထားပါတယ်
သာမန်အထက်တန်းကျောင်းသားလေး Sanpeita Kobayashi ရဲ့ ဘဝဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ကတိတစ်ခုအပေါ်မှာပဲ လည်ပတ်နေခဲ့တာပါ။ အဲဒါကတော့— တစ်နေ့ကျရင် ပြန်တွေ့ကြမယ်ဆိုတဲ့ သူ့ရဲ့ လျှို့ဝှက်ဆန်းပြားတဲ့ "အချစ်ဦးကောင်မလေး" ကို စောင့်မျှော်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စောင့်စားခြင်းတွေ ပြီးဆုံးသွားတဲ့ အဲဒီနေ့မှာတော့... အချစ်ဦးဆိုတာထက် ပိုပြီး ထိတ်လန့်စရာကောင်းတဲ့ "အရာကြီး" တစ်ခုက သူ့အိမ်ခေါင်မိုးကို ဖောက်၊ အခန်းတံခါးကို ဝုန်းခနဲ ရိုက်ချိုးပြီး ဝင်ရောက်လာပါတော့တယ်။ အဲဒါကတော့ လှပနွဲ့နှောင်းတဲ့ မိန်းကလေးတစ်ယောက် မဟုတ်ဘဲ၊ ဒုံးကျည်တွေ၊ ဂတ်တလင်း စက်သေနတ်တွေ တပ်ဆင်ထားပြီး ဝဝပုပု ရုပ်ဆိုးဆိုးနဲ့ ရန်သူမှန်သမျှကို မှုန့်မှုန့်ညက်ညက်ခြေပစ်နိုင်တဲ့ "Kemeko" ဆိုတဲ့ ဟဲဗီးဝိတ် စက်ရုပ်ဝတ်စုံကြီးပါ။ ပိုပြီး ပါးစပ်အဟောင်းသား ဖြစ်သွားစေတာက... အဲဒီကြောက်စရာ စက်ရုပ်ကြီးရဲ့ ဗိုက်ထဲကနေ ဗုန်းခနဲ ထွက်လာတာက ပန်းရောင်ဆံပင်နဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ နတ်မိမယ်လေး M.M. ဖြစ်နေပြီး၊ သူမက Sanpeita ကို မြင်မြင်ချင်းပဲ "ငါက နင့်ရဲ့ ဇနီးလောင်းပဲ" ဆိုပြီး အတင်းအကျပ် လာရောက်သိမ်းပိုက်ပါတော့တယ်။ တကယ်တော့ M.M. ဟာ Sanpeita ရဲ့ အသက်ကို လုပ်ကြံဖို့ လိုက်နေတဲ့ လျှို့ဝှက်ဆန်းပြားတဲ့ အဖွဲ့အစည်းတွေရန်ကနေ ကာကွယ်ဖို့ ရောက်လာတာပါ။ ဘာကြောင့်မှန်းမသိဘဲ ရန်သူတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ အန္တရာယ်တွေကြားထဲ စက်သေနတ်တကားကား၊ ဒုံးကျည်တဝုန်းဝုန်းနဲ့ Kemeko ကြီးရဲ့ အကာအကွယ်အောက်မှာ ကမ္ဘာကြီးကို ကယ်တင်ဖို့ ဖြစ်လာတဲ့အခါ... တစ်ဖက်မှာလည်း မနာလိုဖြစ်ပြီး လိုက်လံတိုက်ခိုက်လာမယ့် ကျောင်းက ကောင်မလေးတွေနဲ့ Sci-Fi အန္တရာယ်တွေကြားထဲ Sanpeita ရဲ့ ပရမ်းပတာနဲ့ အလွဲအချော်ပေါင်းများစွာ အစပြုပါတော့တယ်။ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို ဆူညံပွက်လောရိုက်နေတဲ့ စက်ရုပ်ဇနီးချောလေး ရောက်လာတဲ့အခါ ဘယ်လိုအလွဲတွေ ဆက်ဖြစ်မလဲဆိုတာ...
ရိုမန့်စ်ဟာသကားတွေထဲမှာမှ Sci-Fi လက်နက်ဆန်းတွေ၊ Mecha တိုက်ပွဲတွေနဲ့ ခပ်ကြမ်းကြမ်း ခပ်လန်းလန်း ပေါင်းစပ်ထားတဲ့အတွက် ပရိသတ်ကို တစ်မိနစ်မှ ငြီးငွေ့သွားစေမှာ မဟုတ်တဲ့ ဇာတ်ကားလေးတစ်ခုကို AMAPG-Myanmar မှ ဘာသာပြန်တင်ဆက်ပေးသွားမှာဘဲဖစ်ပါတယ်။
ပြန်လည်မျှဝေမည်ဆိုပါက Credit အနေဖြင့် မူရင်း Channel link လေးကို ထည့်သွင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဤနေရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများသာ ကြည့်ရှုသင့်သော အကြောင်းအရာများ ပါဝင်ပါသည်။ သင် အသက် ၁၈ နှစ်ပြည့်ပြီးပြီလား?